International News

ဟောင်ကောင်ဒေသရှိ Ocean Park အပန်းဖြေအားကစားကွင်း၏ လုပ်ငန်းမပြိုကွဲအောင် ငွေကြေးပံ့ပိုးပေးခြင်း (သို့) လုပ်ငန်းပိတ်သိမ်းခြင်းတို့ ဆောင်ရွက်ရန် အနေအထားရှိနေခြင်း

Last Updated:

ငွေသားပြတ်လပ်နေသည့်  Ocean Park အနေဖြင့် ဟောင်ကောင်ဒေါ်လာ (၅.၄) ဘီလီယံကို အရေးပေါ် လက်ခံရရှိခြင်းမရှိပါက ၂၀၂၀ ပြည့်နှစ်၊ ဇွန်လတွင် ဒေဝါလီ ခံရနိုင်သည်ဟု ဟောင်ကောင်ဒေသအစိုးရမှ သတိပေးပြောကြားခဲ့သည်။ ခရီးသွားများအား ဆွဲဆောင်နိုင်ရန် နောက် (၁၂) လအတွင်း ဆက်လက်ရပ်တည်နိုင်ရန် အတွက် လုံလောက်သည့်အချိန်ရရှိရန် Ocean Park အားဝယ်ယူရန်ဆန္ဒပြုမှုများမတိုင်ခင် ဥပဒေပြုကောင်စီငွေကြေးကော်မတီမှ လာမည့်သောကြာနေ့တွင် ပြန် လည်သုံးသပ်ကြမည်ဟု ဟောင်ကောင်ကူးသန်းရောင်းဝယ်ရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အတွင်းဝန် (ဝန်ကြီး) Mr. Edward Yau Tang-wah ကပြောကြားခဲ့ ကြောင်း၊ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလက Ocean Park အပန်းဖြေအားကစားကွင်းအတွက် ဟောင်ကောင်ဒေါ်လာ (၁၀.၆၄) ဘီလီယံ ပံ့ပိုးပေးရန် စဉ်းစားခဲ့သော် လည်း COVID-19 ဖြစ်ပွားမှုကြောင့် ခရီးသွားလုပ်ငန်းပြိုလဲခဲ့မှုကြောင့် ယခုအခါ အဆိုပါပမာဏ၏ တစ်ဝက်ခန့်ကိုသာ ပေးနိုင်တော့မည်ဖြစ်ကြောင်း၊ Ocean Park အပန်းဖြေအားကစားကွင်း ဆက်လက်ရှင်သန်ကောင်းမွန်ရန်အတွက် စီးပွားရေးဆိုင်ရာချေးငွေအနေဖြင့် ဟောင်ကောင်ဒေါ်လာ (၃) ဘီလီယံအား အ‌‌ရေးပေါ်ရန်ပုံငွေ အနေဖြင့် ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း၊ Ocean Park အနေဖြင့် လုပ်ငန်းလည်ပတ်မှုအတွက်သာမက ဘဏ္ဍာရေးကဏ္ဍတွင်လည်း စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရ ကြောင်း၊ ဒေသအစိုးရအား ဟောင်ကောင်ဒေါ်လာ (၅) ဘီလီယံပေးရန်ရှိနေသေးကြောင်း၊ အကယ်၍ အစိုးရမှ ကူညီပံ့ပိုးမှုများမရှိလျှင်  Ocean Park ၏ လုပ်ငန်း လည်ပတ်မှုအား ရပ်နားရတော့မည်ဖြစ်ကြောင်း၊ လွန်ခဲ့သော နှစ်ပေါင်းများစွာက ဟောင်ကောင်ဒေသခံများအား များစွာအကျိုးရှိစေခဲ့ပြီး ခရီးသွားလုပ်ငန်းအတွက် အရေးကြီးသည့် အခြေခံအဆောက်အအုံတစ်ခုဖြစ်သည့် အပန်းဖြေနားနေရာနှင့် အသိပညာများပေးနိုင်သည့် ပန်းခြံတစ်ခုအား ဆုံးရှုံးရမည်ဖြစ်ကြောင်း၊ ဌာနပေါင်းစုံ ပါဝင်သည့်ကော်မတီတွင် အဆိုပါ ဆွဲဆောင်မှုရှိသည့် အပန်းဖြေနေရာအား ဆက်လက်ရပ်တည်နိုင်ရန်အတွက် ဘဏ္ဍာရေးအရင်းအမြစ်၊ လာရောက်လည်ပတ်သူများနှင့် အခြေခံအဆောက်အဦများနှင့်ပတ်သက်၍ အားလုံးအား ထည့်သွင်းစဉ်းစားအဖြေရှာရမည်ဖြစ်ကြောင်း၊ COVID-19 ဖြစ်ပွားမှုကြောင့် Ocean Park အား ၂၆-၁-၂၀၂၀ ရက်နေ့ကစတင်ပိတ်ထားခဲ့ရပြီး ဟောင်ကောင်‌ဒေါ်လာ (၁၄၀) မီလီယံကျော်အား လစဉ်သုံးစွဲနေရသဖြင့် ၂၀၂၀ ပြည့်နှစ်၊ ဇွန်လတွင် သုံးစွဲရန် ငွေပြတ်လပ်တော့ မည်ဖြစ်ကြောင်း၊ လွန်ခဲ့သောလအနည်းငယ်အတွင်း ငွေသားစီးဆင်းမှု ဟောင်ကောင်ဒေါ်လာ (၇၀၀) မီလီယံ အသားတင်ဆုံးရှုံးများရှိခဲ့ကြောင်း၊ ယခုပံ့ပိုးမည့် ဘဏ္ဍာ ငွေသည် အချိန်ပြည့်ဝန်ထမ်း (၂,၀၀၀) ဦးနှင့် အလားတူအရေအတွက်ရှိသည့် အချိန်ပိုင်းဝန်ထမ်းများကို ပံ့ပိုးပေးနိုင်မည်ဖြစ်ကြောင်း၊ ကုန်ကျစရိတ်များ လျော့ချရန် အကြီးတန်း မန်နေဂျာများ၏ လစာများအား လျော့ချခြင်းနှင့် ဝန်ထမ်းများအား လစာမဲ့ခွင့်ယူခိုင်းခြင်းများ ပြုလုပ်ခဲ့ပါသည်။

ဟောင်ကောင်ဒေသရှိ အထင်ကရ အဆောက်အအုံဖြစ်သည့် Ocean Park အား  ၁၉၇၇ ခုနှစ်တွင် စတင်ထည်ထောင်ခဲ့ခြင်းဖြစ်ပြီး ၂၀၀၅ နှင့် ၂၀၁၂ ခုနှစ်တွင် အကြီး စားပြင်ဆင်ပြုပြင်မှုများပြုလုပ်ခဲ့ရာ တိုးတက်မှုများရှိခဲ့ပြီး ခရီးသွားများလာရောက်မှုမှာ (၃၅) ရာခိုင်နှုန်းမှ (၈၀) ရာခိုင်နှုန်းကျော်အထိ မြင့်တက်ခဲ့ကြောင်း၊ တိရစ္ဆာန် များအကောင်ရေ (၇,၀၀၀) ကျော်ရှိခဲ့ပြီး ၂၀၁၂-၂၀၁၃ ခုနှစ်အတွင်း ခရီးသွားများလာရောက်မှု အမြင့်ဆုံးဖြစ်ခဲ့ပြီး (၇.၇) မီလီယံအထိရှိခဲ့ကြောင်း၊ သို့ရာတွင် ၂၀၁၅- ၂၀၁၆ ခုနှစ်တွင် ဟောင်ကောင်ဒေါ်လာ (၂၀၀) မီလီယံလိုငွေရှိခဲ့ကြောင်း၊ ၂၀၁၉ ခုနှစ်၊ ဇွန်လမှစတင်၍ ဖြစ်ပွားခဲ့သည့် ‌ဒေသတွင်း အစိုးရဆန့်ကျင်ဆန္ဒပြမှုများ ကြောင့် ခရီးသွားများလျော့ကျခဲ့ပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း ဟောင်ကောင်ဒေါ်လာ (၆၀၀) မီလီယံလိုငွေရှိကြောင်း၊ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လမှ ဒီဇင်ဘာလအတွင်း လာရောက်သူဦးရေ (၁.၉) မီလီယံသာရှိခဲ့ပြီး ယခင်နှစ်ကာလတူနှင့်နှိုင်းယှဉ်လျှင် (၃၀) ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း၊ ခရီးသွားကဏ္ဍ ဥပ‌ဒေပြုကောင်စီအဖွဲ့ဝင်မှ ပြောကြားရာတွင် လွန်ခဲ့သောရာစုနှစ်များက ခရီးသွားများလာရောက်မှုများဖြင့် ‌ဟောင်ကောင်ဒေသ၏ စီးပွားရေးတွင် ပမာဏအမြောက်အမြား ပါဝင်မှုရှိခဲ့ကြောင်း၊ သို့ဖြစ်ရာ ငွေကြေးဆုံးရှုံးမှုများဖြစ်နေသော ကုမ္ပဏီများအား ဆက်လက်ပံပိုးရန်နှင့် Ocean Park မပိတ်သိမ်းရန်အတွက် ငွေကြေးပံ့ပိုးပေးရန်နှင့်ပတ်သက် ၍ ပြန်လည် စဉ်းစားရန်များရှိနေကြောင်း၊ Ocean Park  အား ကုန်ကျစရိတ်သက်သာစွာဖြင့် ဆက်လက်လည်ပတ်နိုင်အောင် ဆောင်ရွက်ရန်လိုအပ်ပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဟောင်ကောင်)

Source: South China Morning Post (12-5-2020) 

Category: International News